Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, May 13, 2011

အရောင်အသွေးစုံတဲ့ဂန္ဓမာနဲ့ နှင်းဆီပန်း


အခုတလော မအားတာနဲ့ ပို့စ်လေးတွေ မတင်ဖြစ်ဘူး..။ မအားတော့ စိတ်တွေကလည်း အလို
လိုရှုပ်ထွေး လို့လေ...။ အဲလို ရှုပ်ထွေးနေတဲ့ စိတ်ကို ပျောက်ပျက်စေတာက ရှုခင်းလှလှလေး
တွေ၊ ပန်းလှလှလေးတွေပါ။ အဲဒီ အရာလေးတွေက မျက်စိပသာဒဖြစ်ပြီး အေးချမ်းမှုကိုပေးတ
ယ်လေ...။ အဲဒါကြောင့် အပေါင်းအသင်း၊ရောင်းရင်းတွေလည်း ကျွန်တော်လို အေးချမ်းမှုလေး
တွေ ရအောင် ဒီပို့စ်ကလေးကို တင်လိုက်ရခြင်းပါပဲ...။

အခုတင်မဲ့ ပန်းလေးတွေက အရောင်အသွေးတွေ စုံလှတဲ့ ဂန္ဓမာပန်းနဲ့ နှင်းဆီပန်းလေးတွေပါ
...။ ကျွန်တော်က ပန်းစိုက်ရတာ၊ သစ်ပင်လေးတွေ စိုက်ရတာကို အရမ်းဝါသနာပါတယ်..။ ကို
ယ်စိုက်လိုက်တဲ့ အပင်လေးတွေက အဖူး၊အပွင့်၊ အသီးလေးတွေ  ၀င်လာပြီဆိုရင် အရမ်းကိုေ
ကျနပ် ပီတိဖြစ်ရပါတယ်..။ အဲဒီ အရသာလေးကို ကျွန်တော်ကြိုက်တယ်...။  ပန်းမျိုးစုံ ဖူးပွင့်ေ
နတဲ့ ဥယျာဉ်လေးထဲ ရောက်သွားရင် အနံ့လေးတွေ သင်းပျံ့နေတဲ့ ပန်းပွင့်လေးတွေရယ်၊ အဲဒီ
ပန်းလေးတွေနားမှာ ၀ဲပျံနေတဲ့ ပိတုန်း၊လိပ်ပြာလေးတွေရယ်က နှစ်သက် ကြည်နူးစရာပါ...။





နှင်းဆီပန်းပုံလေးတွေ တင်ရင် မကုန်လို့ ဒီလောက်ပဲနော်

နှင်းဆီပန်းကိုလည်း သဘောကျတယ်ဗျ... အနံ့လေးတွေက သင်းပျံ့နေလို့လေ...။ နှင်းဆီပန်း
လေးနဲ့ ပတ်သတ်ပြီး ဒီနေ့ထိ မေ့မရတာ တစ်ခုရှိသဗျ...။ နှင်းဆီပန်းလေးကို  ဈေးကနေ၀ယ်
လာပြီး ဘုရားတင်ထားတာပါ...။ ဘုရားပန်းစွန့်တော့ နှင်းဆီအရိုးက စိမ်းလို့ဗျ..။ အဲဒါနဲ့ အိုးအုံ
လေးထဲမှာ ထိုးထည့်ထားလိုက်တယ်...။ အဲ နောက်နှစ်ပတ်လောက်နေတော့ အဲဒီ အရိုးလေး
က အတတ်ကလေးတွေ ထွက်လာတယ်...။ နောက်တော့ အပင်လေးက ဖြစ်လာပြီး ပန်းရောင်
နှင်းဆီပွင့်လေးတွေ ပွင့်လာတယ်ဗျ...။ အဲဒီ အပင်လေးကို သောက်ရေအိုးစင် ဘေးမှာ အိုးအုံ
လေးနဲ့ သစ်တုံးပေါ်တင်ထားလိုက်တယ်...။ လေတိုက်တိုင်း အပွင့်လေးက မွှေးနေတာပဲ...။ေ
နာက် ကျွန်တော် ကျောင်းသွားတက်နေတုန်း အဲဒီ အိုးအုံလေးကို လေတိုက်ကျလို့ ကွဲသွားရော
တဲ့ဗျာ...။ အပင်လေးက နာပြီး သေသွားတာတဲ့လေ...။ ကျွန်တော် နှမြောလိုက်တဲ့ ဖြစ်ခြင်း မ
ပြောပါနဲ့တော့...။










ဂန္ဓမာပန်းလေးတွေ မြင်ရတော့ ပြင်ဦးလွင် သင်တန်းကို   သွားသတိရမိတယ်..။ ပြင်ဦးလွင်က
ပန်းမြို့တော်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်လှပါပေတယ်...။ ကျွန်တော်တို့ သင်တန်းတက်တုန်းက
ဆိုရင် သင်တန်းဝန်းထဲမှာ ပန်းတွေ ရောင်းတာ စုံလို့...။ ဂန္ဓမာ၊ မေမြို့၊သစ္စာပန်း၊ ပန်းတိမ်ငို စ
တာတွေပေါ့...။ ကျွန်တော် ၀ယ်ပြီး ဘုရားပန်းကပ်ဖြစ်တာ အများဆုံးက ဂန္ဓမာ ပန်းပါ၊ ဂန္ဓမာပ
န်းမရှိမှ မေမြို့ပန်း၊ သစ္စာပန်းကို ကပ်တာလေ..။ ပြင်ဦးလွင်က ရာသီဥတုကောင်းတော့ ဘုရား
ကိုပန်းကပ်ထားရင် တစ်ပါတ်၊ ဆယ်ရက် နေရောပဲ...။ တစ်ခါတစ်လေကျ မညှိုးပဲနဲ့ ဘုရားပန်း
ကို စွန့်ပြီး ဘုရားပန်းကပ်ရတာတောင် သတိရမိသေး...။ ကျွန်တော်က ဘုရားစင်မှာ ဘုရားပန်း
ညှိုးနေရင် မနေတတ်ဘူးဗျ...။ ဒါပေမယ့် အခုတော့လည်း ပန်းကို မကပ်ရတာလေ...။ ဘာလို့
လဲဆိုတော့ ပန်းဈေး အရမ်းကြီးလို့ပါ...။ ကိုင်း အရောင်အသွေးစုံတဲ့ ပန်းလေးတွေ ပြမယ်ဆိုမှ
လေပေါလိုက်တာ တော်တော် များသွားပြီ...။ ကိုင်း အောက်မှာ ကြည့်ကြပါအုံးဗျာ...။

မနေ့ကတည်းက တင်မလို့ဟာလေ Error ပြနေလို့ ၀င်လို့ မရဘူး ဖြစ်နေတာ အဲဒါကြောင့် နေ
ာက်ကျသွားတာပါ..
အားလုံးကို ကျေးဇူးတင်ပါတယ်..

ရာဇာ(ကျေးလက်သားလေး)

5 comments:

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကိုရေ...error ပြနေတာ တင်ထားတာတောင် ပျက်သွားလို့ ညီမလေးလဲ ပြန်တင်ထားရတယ်...
ပန်းလေးတွေက ရင်သက်ရူမောဖွယ် ကောင်းအောင် လှလိုက်တာနော်...
ကောင်းသောနေ့လေးဖြစ်ပါစေ။။။

စံပယ်ချို said...

ဂန္ဓမာပန်းလေးတွေ မြင်ရတော့
တောင်ကြီးကျွန်မအိမ်ကိုတစ်ကယ်လွမ်းမိပါတယ်
အိမ်ရှေ့မှာကျွန်မစိုက်ခဲ့တာတွေပါ...အပင်စိုက်တာကိုဝါသနာပါလို့ခုလဲစိုက်ထားပါတယ်...မေမေကိုလဲလွမ်းမိတယ်..ကိုရာဇာရေ..

တောက်ပကြယ်စင် said...

နှင်းဆီပွင့်လေးတွေ ကြည့်ရလို့၊ ဂန္ဓမာပန်းလေးတွေကို မြင်လိုက်ရလို့ ရင်ထဲတကယ်အေးချမ်းသွားပါတယ် ကိုရာဇာရေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

yar zar said...

အပင်စိုက်တာ ၀ါသနာချင်း တူလိုက်တာ လာလည်တာကျေးဇူးနော်..ဘုန်းတောက်လည်း လာလည်တာ ကျေးဇူးပါဘုရား

yar zar said...

ညီမလေး အိမ်ဂျယ်ရေ.. ကျေးဇူးနော်..

Post a Comment