တိုက်စံပယ်ပန်း
ကိုင်း ဒီတစ်ခါတော့ အညာဒေသရဲ့ ဆောင်းတွင်းအခါသမယမှာ ပွင့်တဲ့ ပန်းလေးတွေဖြစ်တဲ့
ဂေါ်သဇင်ပန်းနဲ့ တိုက်စံပယ်ပန်းတို့ရဲ့ အကြောင်းလေးတွေကို ဖော်ပြပါမယ်နော်...။
ဂေါ်သဇင်ပန်း
ဂေါ်သဇင်ပန်းပင်က နွယ်မျိုးပါ...။ အရုံထိုးပြီး အပေါ်ကို တွယ်တက်ပြီး ပွင့်တတ်ပါတယ်...။
ဂေါ်သဇင်ပန်းပွင့်ချိန်ဟာ ဆောင်းတွင်းမှာပါ..။ ဂေါ်သဇင်ပန်းဟာ အဖြူရောင် အခက်ကေ
လးတွေ ဖြစ်ပါတယ်...။ သူ့ရဲ့ အနံ့ကတော့ မွှေးပျံ့ပြီး လေတိုက်တိုင်း ပတ်ဝန်းကျင်ကိုမွှေး
ပျံ့စေပါတယ်...။ ကျွန်တော်တို့ ရွာထဲမှာ ဂေါ်သဇင် ပန်းရုံ ရှိတာ သိပ်မများလှပါဘူး...။ ပန်း
ပွင့်ချိန် ဆိုရင်တော့ ပန်းရုံရှိတဲ့ အိမ်တွေက ဝေ တာလည်းရှိ၊ ရောင်းတာလည်း ရှိပါတယ်...။
ဂေါ်သဇင်ပန်းက လှလည်းလှ ၊ မွှေးလည်းမွှေးတော့ ပျိုမေတွေ ပန်ဆင်တာ များလှပါတယ်.။
တိုက်စံပယ်ပန်း
တိုက်စံပယ်ပန်းကလည်း နွယ်မျိုးပါပဲ...။ သူကလည်း ရုံထိုးပြီး အပေါ်ကို တွက်တက်ပြီး ပွင့်တဲ့
အမျိုးပါ...။ သူကလည်း ဆောင်းတွင်းပွင့်တဲ့ ပန်းပေါ့...။ အနံ့တော့ မရှိဘူး မှတ်တာပဲ...။ တိုက်
စံပယ် ပန်းလေးတွေက ဂေါ်သဇင်ပန်းနဲ့ အခက်ချင်းတူပါတယ်...။ ဒါပေမယ့် အရောင်က မတူ
ပါဘူး..။ ဂေါ်သဇင်က အဖြူ၊ တိုက်စံပယ်က အနီရောင် အခက်လေးတွေပါ...။ တိုက်စံပယ်ပန်း
ကလေးတွေက လှပါတယ်...။ ကျွန်တော်တို့ အိမ်ရဲ့ စည်းရိုးမှာတောင် ရှိပါတယ်...။ သူက ဘ
ယ်လောက်သတ်သတ် မသေပါဘူး...။ မိုးတွင်းရောက်တာနဲ့ ပြန်ပြီး ပေါက်လာပြန်တာပဲ...။ တို
က်စံပယ်ပန်းကိုလည်း ပျိုမေတို့ ပန်ဆင်တတ်ကြပါတယ်...။
အခေါ်မတူတာတွေ ရှိနိုင်ပါတယ်...။ ဒါကြောင့် အခေါ်မတူရင် ကွန်မန့်ပေးခဲ့ကြအုံးနော်..
ရာဇာ(ကျေးလက်သားလေး)
9.5.2011
 





 
 
 
 
 
 
 

 
 
 
 
 
 
 
 
 

 
 
12 comments:
နှစ်မျိုးလုံး ချစ်စရာ၊ မြတ်နိုးတွယ်တာစရာတွေချည်းပါပဲ ကိုရာဇာရေ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
သဇင်ကို သေချာ မမြင်ဖူးဘူး။ စံပယ်တော့ ချစ်တယ်ဗျ။ (မှတ်ချက်၊ လူအမည် မစံပယ် မဟုတ်ပါ။ စံပယ်ပန်းကို ပြောခြင်း) ။ ဗဟုသုတကတော့ အမြဲ့ရတယ်ဗျာ။
ဗဟုသုတမှတ်သားသွားတယ်ဗျာ။။။
မြင်ဖူးဘူး။။။။။။။။အဟီးးးးးးးးးးးးးးး
အကိုရေ...ချစ်စရာ လွမ်းရတဲ့ ပန်းလေးတွေနဲ့အတူ ..
ဗဟုသုတလေးတွေအတွက် ကျေးဇူးပါအကို...
ကောင်းသောနေ့လေး ဖြစ်ပါစေ။
ကိုယ့်အဖွား အိမ်နောက်ဖေး ခြံစည်းရိုးမှာ တပုံကြီးပေါ့
နှစ်မျိုးလုံးရှိတယ်။ ဒါပေမဲ့ ဘယ်လိုခေါ်လည်းဆိုတာ ခုမှ သိတယ်
တော်ချက်နော် :)
ဘုန်းတောက် မြတ်နိုးတွယ်တာ စရာအတွက် ကျေးဇူးပါဘုရား..
ကိုခနွဲ... ကျောင်းတုန်းက စံပယ်ဇာတ်လမ်း ရှိခဲ့လား သိဝူးနော်..:P
လင်းသစ်တို့ တော်ချက်တော့..ဟီး..စတာ အတည်...။
ညီမ အိန်ဂျယ် မတွေ့တာကြာပေါ့ ဘာတွေ လုပ်နေတုန်း..
အစ်မဘေဘီ..တို့ တော်ချက်တော့ လန်ထွက်နေတာပဲ..ဟီး
ပြောကြည့်တာ ဘာရယ်ဟုတ်ဘူးနော်.. နောက်တာ တကယ်..
ကျေးလက်သားလေးရေ.အမတို့ ကတော့ဂေါ်သဇင်ကို ဆောင်တော်ကူးလို့ 
ခေါ်တယ်။
မမယုရေ ကျေးဇူးနော်.. အခေါ်အဝေါ်လေး ဝေမျှပေးတာ..
ကျွန်တော်တို့ ဘက်မှာတော့ ဂေါ်သဇင်ကို သဇင်ပန်းလို ခေါ်တာ ၊တိုက်စံပယ်ကိုကျတော့ ဆောင်တော်ကူးပန်းလို့ ခေါ်တာ ...
ဟုတ်ကဲ့ပါ ကိုရင် အခုလို အခေါ်အဝေါ်လေးတွေ ပြန်လည်ဝေမျှပေးတာကျေးဇူးပါဗျာ.. နောက်လည်းလာလည်ပါအုံးနော်..
ကောင်းပါတယ်
Post a Comment