Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, May 7, 2011

ဆပ်သွားဖူးပန်း(အညာမြေ)


ရေးတော့အမှန် ဖတ်တော့အသံဆိုတဲ့အတိုင်း ရေးတော့ ဆပ်သွားဖူး၊ ဖတ်တော့ ဆပ်တဖူးတဲ့။
ကြားဖူးကြမှာပေါ့... နာနတ်သီးတွေ ဘယ်ကသီးတယ်..ဆပ်သွားဖူးပင်က သီးတယ်ပြောတယ်
ဆိုတာလေ... အဲဒီအပင်က ကိုင်းအခွများတယ်.. အမြစ်များတယ်.. အရွက်က ချွန်တယ်..ဘေ
းမှာ ဆူးလေးတွေပါတယ်...။ အသီးကတော့ နာနတ်သီးလိုပဲဗျ...။

 ဆပ်သွားဖူးပန်း

ကျွန်တော်တို့ ငယ်ငယ်ကဆို အဲဒီ ဆပ်သွားဖူးအရွက်လေးတွေနဲ့ ဆော့ကြပါတယ်...။ ဘယ်လို
ဆော့တုန်းဆိုတော့ ဆပ်သွားဖူး အရွက်မှာက ဆူးလေးတွေပါတယ်.. အဲဒီဆူးလေးတွေ ပါတဲ့အ
ရွက်ကို အချင်းချင်းပြန်ပြီးနမ်းခိုင်းတယ်...။ ဘာလို့နမ်းခိုင်းလည်း ဆိုတော့ မျောက်က ငါးပိကြေ
ာက်တယ်.. အဲဒါကြောင့် ဒီအရွက်ကို မနမ်းဘူး...။ မင်းတို့ မျောက်မဟုတ်ရင်နမ်းဆိုပြီးနမ်းခိုင်း
တာ .. အဲလိုနမ်းလိုက်ရင်တော့ နမ်းနေတဲ့အချိန်ကို အီဒီအရွက်ကို စွဲလိုက်တယ်...။ နမ်းတဲ့သူ
ကတော့ နှုတ်ခမ်းမှာ ဆူးခြစ်ရာလေး ကျန်ခဲ့တာကြည့်ပဲ...။(ပွေပွေလီလီ တအားဆော့တယ်..)
  ဆပ်သွားဖူးပင်

ဆပ်သွားဖူး ပန်းလေးတွေ ပွင့်ပြီဆိုရင်တော့ အိမ်နီးနားခြင်းတွေကို သိကြတယ်...။ ဘာလို့လဲ
ဆိုတော့ ဆပ်သွားဖူးပန်းက အရမ်းမွှေးလို့လေ...။ ပန်းလို့ဆိုပေမယ့် ပန်းပွင့်တွေလိုတော့ မဟု
တ်ဘူးဗျ...။ အရွက်လေးထဲကမှ အဖီးဖီးလေးတွေရယ်... ။ အဲဒီ အရွက်လေးကို ဟိုဖက်ထိပ်၊ဒီ
ဖက်ထိပ် ခေါက်လိုက်တယ်.. အဖီးလေးကတော့ အတွင်းထဲကပေါ့.. အဲဒါလေးကို ကလစ်လေး
တွေနဲ့ ပန်ကြတယ်...။ ဆပ်သွားဖူးပန်းကို ဘုရားကပ်တယ်ဆိုတာ မရှိသလောက်ပါပဲ...။ ပန်ပဲ
ပန်ကြတာလေ...။ မိန်းကလေးမဟုတ်ပဲနဲ့ အဲဒီ ဆပ်သွားဖူးပန်းအနံ့လေးကိုတော့ ကြိုက်သားဗျ
...။ ဆပ်သွားဖူးပန်းကို လူတိုင်းသိမလားတော့ မသိဘူး... မသိတဲ့ သူရှိရင်လည်း ကြည့်သွားကြ
ပေါ့... သိတဲ့သူကလည်း ထပ်ပြီး ကြည့်သွားကြပါနော်...။

အလျင်းသင့်သလို ပန်းလေးတွေ အကြောင်းကို ဖော်ပြသွားပါမည်...။

ရာဇာ(ကျေးလက်သားလေး)
7.5.2011

12 comments:

Unknown said...

ပန်းလေးတွေ အကြောင်းကို ပြောတော့မယ်ပေါ့ ။ တောပန်းလေးတွေ လုပ်ပါအုံးနော်။။ ဆပ်သွားဖူးက ဆူးပါတယ်မလား.. အပင်မှာ ။

myo said...

ဒီ ဘလော့မှာ အကြိုက်ဆုံးက စာအုပ်ထဲမှာပဲ ကြားဖူးထားတဲ့ အညာကအပင်တွေကို ဓာတ်ပုံနဲ့ တွဲပြီး မြင်ဖူးသွားတာပဲ။ တချို့ အပင်တွေဆို အပြင်မှာ မြင်ဖူးပေမဲ့ ဘာပင်ခေါ်မှန်းမသိဘူးလေ။ ဒီဘလော့ရောက်မှပဲ "အော် ဒီအပင်လား " ဆိုပြီး သိသွားတော့တယ်။ ကျေးဇူးနော်။

ma yu said...

အမကရင်ကျပ်တတ်တယ်ကျေးလက်သားလေးရေ။ဆပ်သွားဖူးနံ့ မခံနိုင်ဘူး။ပန်း
ဆိုဘာနံ့ မှက်ုမခံနိုင်တာ။ရင်ကျပ်ရွေ့ ပြန်သွားပါသည်။အဟွတ်အဟွတ်။ ဒါပဲ မင်သော်ပင်ပြန်ရှာခူးပေးရမယ်။

Baby taster said...

ဒီလို ပန်းကို ပန်ရမယ်ဆို သေရချည်ရဲ့နော် ရာဇာ :P

Baby taster said...

ဟိုဖက်ထိပ် ဒီဖက်ထိပ်ကို ခေါက်လိုက်တယ်ဆိုတော့
ဘယ်နားက ခေါက်တာတုန်း ပုံနဲ့တကွပြ မရဘူး :P
သေချာ ရှာကြည့်တယ် ခေါက်ရမဲ့နေရာ မတွေ့ဘူးနော်
ပန်းက လုံးနေတာပဲဟာကို :) ရစ်တာ မဟုတ်ဖူး ဂျစ်တာမှတ်

စံပယ်ချို said...

ခုမှမြင်ဘူးတယ် တောင်ကြီးကျွန်မတို့အိမ်နားတော့မရှိဘူး
တစ်ခြားနေရာတော့မပြောတတ်ဘူး
မသိရတာသိရလို့ကျေးဇူးပါရှင်။

yar zar said...

ဟုတ်တယ်ကိုဖြိုး ဆပ်သွာဖူး ပန်းက ဆူးမပါဘူး.. အရွက်က ဆူးပါတာ..

မျိုးရေ... ကျွန်တော့် ဘလော့ဂ်လေးကနေ ဗဟုသုတ ရစေတယ်ဆိုလို့
ကျေးဇူးပါနော်.. နောက်လည် လာလည်ပါအုံး..

မမယုရေ... ရင်ကြပ်သွားပြီလား အားနာလိုက်ထှာ...

အစ်မဘေဘီ... အခုမြင်နေရတဲ့ ပုံက.. တစ်ခုထဲမဟုတ်ဘူးလေ..
ငှက်ပျော ခိုင်လိုမျိုးပဲလေ.. သူ့အဖီးနဲ့သူလေ.. ပန်မယ်ဆိုရင် အရွက်
ဲဖြူဖြူလေးအောက်က ဟာလေးကို အဲဒီ အရွက် တစ်ရွက်နဲ့ ဟိုထိပ် ဒီထိ
ပ်..ခေါက်လိုက်တာလေ.. အလယ်က အဖီးလေးပေါ့..

စံပါယ်ရေ.. အညာမှာတော့ ပေါတယ်ဗျ...

May 8, 2011 8:16 AM

ရွှေညာသား said...

ဒီဟာက ဆပ်သွားဖူး အရိုင်းလား ကိုရာဇာ...ဘုရားပန်းတင်တဲ့ ဆပ်သွားဖူးအရင်ဆိုတာ ရှိသေးတယ်။ ကျုပ်တို့ဆီမှာတော့ ဒီအပင်ရဲ့ အရွက်တွေကို သက်ကယ်ပျစ်တဲ့ နှီးအဖြစ်သုံးတယ်။ အပင်တွေကို အခြေကနေ ခုတ်ပြီးတော့ နွားတွေစင်းကျွေးရင်လည်း နွားအတော်ကြိုက်။ ဆပ်သွားသီးက ယက်ကန်းယက်ရာမှာ ချဉ်ခင်သပ်တဲ့ ဘီးအဖြစ် သုံးတယ်ဗျာ။ ကျုပ်တို့ဆီကတော့ ဘုရားတင်တဲ့ အပင်ကို အရင်ပင်လို့ ခေါ်ကြတယ်။ သူက အရွက်လေးတွေ သေးသွယ်သွယ်လေးနဲ့ ဆူးလေးတွေကလည်း သေးသေးလေးတွေ။ ဒီအပင်တွေက ကျုပ်တို့ဆီမှာ ပေါတဲ့ အပင်မျိုးတွေဗျာ။ နွားစာ ရှားတဲ့အချိန်ဆိုရင် အတော် အသုံးဝင်တယ်။

yar zar said...

ဘုရားတင်တဲ့ဟာက ဆပ်ပွားပင်လို့ခေါ်တာလေ.. သူက သေးသေးလေးတွေ.. အရွက်လေးက သေးပြီးချွန်ချွန်လေးတွေ.. ဘုရားအိုးထိုးထားရင် နေရောပဲ... ဒီဟာက ဆပ်သွားဘီးက ဒီပင်က လုပ်တာဟုတ်ဘူးဗျ... ဆပ်သွားဘီး လုပ်တဲ့အပင်မျိုး..တို့ရွာမှာ ရှိဘူး.. ဒီလိုအပင်မျိုးပဲရှိတယ်...အယဉ်လား အရိုးလားလည်း သိဘူး..

အလင်းသစ် said...

အဲ သူတို့က အညာသားတွေဆိုတော့ ငြင်းနေလိုက်ကြတာ။။။
အောက်သားတွေက သိဘူးဗျ။။ ကိုယ့်ဘာသာ ဗဟုသုတနည်းတာကို
ကာဗာတော့ယူဦးမှ။။ဟီးးးးးးးးး။။။

Unknown said...

ကိုရာဇာ..လာလည်ပါတယ်ဗျာ.မရောက်ဖြစ်တာတောင်အတော်ကြာနေပီ..
အညာမြေက ဆိပ်သွားဖူးပန်းအကြောင်းလဲဖတ်သွားပါတယ်..
ဆိပ်ပန်သွားဖူးပန်းနဲ့ ကျနော်တို့ ခေါ်နေတဲ့ဆူးမွှေးပန်းနဲ့ အတူတူပဲလားဗျ.
အပင်ကတော့ တူတယ်ဗျ.. အခေါ်အဝေါ်လွဲနေတာလားမသိဘူး ကိုရာဇာ.
ဆိပ်သွားဖူးပန်းက ဆူးမွှေးပန်းဆိုရင်တော့ ဆူးမွှေးပန်း အရွက် သုံးလေးရွက်လောက် ရေစင်အောင် ဆေးပီး ထမင်းထဲထည့် ချက်လိုက်ရင်
ပေါ်ဆန်းမွှေးအတိုင်းပဲ ထမင်းကမွှေးနေတယ်ဗျ..ငယ်ငယ်တုန်းက အမေအဲ့လိုလေး ချက်ကျွေးတာကို အခု အမှတ်ရနေတယ်ဗျာ..

yar zar said...

လင်းသစ်ရေ ကာဗာ ပါတော့ တော်သေးတာပေါ့..

မောင်မျိုး ပြောတဲ့ အပင်က အငယ်လေးပါ.. အရွက်က ငယ်တုန်းတော့
တူပါတယ်..။ သူက ဆပ်ပွားပင်နဲ့တူတယ်.. အရွက်က ငယ်တယ်..သေး
သေးချွန်ချွန်လေးရယ်.. အဲဒီအရွက်ကို ထမင်းထဲ ထည့်ချက်ရင် မောင်မျိုးပြောသလိုပါပဲ... မွှေးနေတာလေ...။ မောင်မျိုးရေ လာလည်တာ ကျေးဇူးဗျာ..

Post a Comment