Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, May 5, 2011

လွမ်းနေသောအစားအစာလေးများ(၂)

အခုတလော စာမရေးဖြစ်ဘူးလေ... အဲဒီ အတွက် စိတ်မကောင်းပါဘူးဗျ... အခုတော့စားစရာ
နဲ့ပဲ ဖွင့်မယ်ဗျာ...။ အရင်တစ်ခါက စားချင်နေသော အစားအစာလေးများ(၁) ဆိုတာကိုရေးပြီး
ပါပြီ... အခု (၂) ပေါ့ဗျာ...။ အခုစားချင်နေတာတွေက ...

(၁)ငါးဖောင်ရိုးခြောက်ဖုတ်
ငါးဖောင်ရိုးခြောက်ကို ချက်စားတာထက်၊ ဖုတ်စားတာ၊ ကင်စားတာကို ပိုကြိုက်တယ်...။ ကျွ
န်တော်တို့ ဆီမှာတော့ မြင်းခြံက ငါးခြောက်ပေါတော့ ငါးခြောက် အမျိုးမျိုး စားရပါတယ်...။ငါ
းဖောင်ရိုးခြောက်လေးကို ကင်ပြီး နှမ်းဆီ စစ်စစ်လေး ဆမ်းစားရင် အရမ်းကောင်းပါတယ်...။
အဖိုးကြီးတွေကတော့ ငါးခြောက်ဖုတ်လေးကို သံပုရာရည်လေးဆမ်းပြီး ရေနွေးလေးနဲ့ မြီးတ
တ်ကြတယ်ဗျ...။ ကျွန်တော်လည်း ကြိုက်တယ် အဖိုးကြီးတော့ ဟုတ်ဘူး...:)



(၂)နှမ်းဖတ်ချဉ်သုပ်
နှမ်းဖတ်ချဉ်လို့ ခေါ်ပေမယ့် နှမ်းဖတ်နဲ့ လုပ်ထားတာ မဟုတ်ပါဘူး...  မြေပဲဖတ်နဲ့ လုပ်ထား
တာပါ... အဲဒါကြောင့် အဖြူရောင် ဖြစ်နေတာလေ...။  တကယ့်နှမ်းဖတ်နဲ့ လုပ်တာထားတာ
က အညိုရောင်ပါ...။ ဒါပေမယ့် ဘာနဲ့ပဲ လုပ်ထားလုပ်ထား နှမ်းဖတ်ချဉ်လို့ပဲခေါ်ကြပါတယ်
...။ နှမ်းဖတ်၊ မြေပဲဖတ်က ဆီကြိတ်တဲ့အခါမှာ ထွက်တာပါ...။ အဲဒီ နှမ်းဖတ်ခဲကို ရေစိမ်ထ
ားရပါတယ်...။ နူးအိသွားမှ သုပ်စားကြတာပါ...။နှမ်းဖတ်ချဉ်ကို တစ်ခါတစ်လေကြရင်လည်း
ကြော်စားကြပါတယ်...။ နှမ်းဖတ်ချဉ်သုပ်အတွက် လိုအပ်တာလေးတွေကတော့ ကြက်သွန်နီ
၊ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ နံနံရွက် စတာတွေပဲ ဖြစ်ပါတယ်...။ ဈေးထဲက ရောင်းတဲ့ နှမ်းဖ
တ်ချဉ်ထုပ်လေးတွေကတော့ ငှက်ပျောရွက်လေးနဲ့ထုပ်ထားတာပါ... ပြောရရင်တော့ ရယ်ဒီ
မိတ်ပေါ့...။ ဆီချက်လေးတောင် ပါလိုက်သေး...။ အရမ်းကောင်းတယ်နော်..


 (၃)ပဲနီပြားပြုတ်
ကျွန်တော်တို့ အညာဒေသမှာတော့ ပဲကပေါသလားမမေးနဲ့ အမျိုးအစားပေါင်း မြောက်များစွာ
ပါပဲ...။ ပဲအမျိုးမျိုးကို ကြိုက်တယ်...။ အခုရေးမှာက ပဲနီပြားပြုတ်ပါ...။  အညာသား ပဲစား ဆို
တဲ့ စကားက အရမ်းမှန်မယ်ထင်တယ်...။  အညာသား တော်တော်များများ  ပဲကြိုက်ကြတယ်
ဗျ..။ ပဲပြုတ်တဲ့အခါမှာ ပဲမနပ်တာကြုံဖူးကြမှာပေါ့..။   အဲလို ပဲမနပ်တဲ့အခါ  ပန်းကန် ကွဲလေး
ထည့်ပြုတ်ရင် အားလုံးနပ်ပြီး စုန်းပြူးမကျန်ပါဘူး... ဒါလေးက ဗဟုသုတပါ..:)။    ပဲပြုတ်လေ
းကို ကြက်သွန်နီလေးလှီး၊ မဆာလာ မွှေးမွှေးလေးနဲ့ဆို အရမ်းကောင်းတယ်။ ကြိုက်လည်းကြို
က်တယ်..။

(၄)ဗူးရွက်ဟင်းချို
ဗူးရွက်ဟင်းချိုလေးလည်း ကြိုက်သဗျာ...။ ဗူးရွက်လေးကိုခူး ရေဆေး ပြီးရင် ဟင်းချို ချက်လို
က်တော့ ချိုချိုလေး ကောင်းသဗျာ..။ ချက်နည်း ရေးတော့ဘူး..။

(၅) ကြက်ဟင်းခါးသီးထောင်း
ကြက်ဟင်းခါးသီးကို များသောအားဖြင့်တော့ ချက်စားကြတာများပါတယ်...။ တစ်ခါတစ်လေ
တော့ ထောင်းစားပါတယ်...။ ကြက်ဟင်းခါးသီးထောင်းက  မွှေးတယ်နော်....။  ကျွန်တော်ေ
တာ့ ကြိုက်တယ်...။ ထောင်းပုံ ၊ ထောင်းနည်းလေး ပြောပြမယ်နော်...။ ကြက်ဟင်းခါးသီးကို
မီးဖုတ်၊ ပြီးရင် ငရုတ်သီးရယ်၊ ကြက်သွန်နီရယ်၊ ကြက်သွန်ဖြူရယ် ရောထောင်းရတာလေ..။
 အဲဒီ ကြက်ဟင်းခါးသီးထောင်းက ခါးခါလေးနဲ့ အရမ်းစွဲတယ်...


ကိုင်း နောက်ထပ် စားချင်နေတာတွေ အများကြီး ရှိပါသေးတယ်... နောက်ရက်မှ ထပ်ရေးပါ
အုံးမယ်...။ အားပေးသွားကြအုံးနော်..

ပုံတွေကို ဂူဂယ်လ်မှ ယူသည်...။

ရာဇာ(ကျေးလက်သားလေး)
5.5.2011

10 comments:

ရွှေညာသား said...

ဟိုသီချင်းထဲကလိုပဲ ကလင်...ကလင် မြည်သံချိုတယ် တယ်လီဖုန်းလေးရယ် ဆိုတာလို တဂွီ...ဂွီ အသံမြည်တယ် ကိုရာဇာလေးရယ်လို့ ပြောရမလို ဖြစ်နေပြီ...
အကြိုက်တွေကို တင်ပေးလို့ ကျေးဇူးတင်ပါ၏.... နှမ်းဖတ်ချဉ်က ကျုပ်တို့ဆီမှာ အညိုရောင်လေးဗျ...နှမ်းဖတ်ကနေလုပ်လို့... ပဲပြုတ်ကို မဆလာနဲ့ သုပ်တာတော့ မစားဖူးပေါင်....ဗူးရွက်ဟင်းချို လည်း ကြိုက်တာပဲ...ကြက်ဟင်းခါးသီးကို ငါးပိမီးဖုတ်လေးပါ ထည့်ရင်ပိုကောင်းတယ်။ လိုတော့ပါဘူး...စားရခါနီးပါပြီဗျာ...:):):)
နှမ်းဖတ်ချဉ်ဆိုလို့လေ...ဟိုစကားပုံလေး ကြားဖူးလားမသိဘူး...
မြို့ကလူတစ်ယောက် ဈေးဝယ်ရင်းလေ ဆိုင်မှာ ဟိုဟာမြည်း ဒီဟာမြည်း မြည်းနဲ့ နှမ်းဖတ်ချဉ်ကို မြည်းကြည့်ပြီးတော့ ဟွန့် မင်းတို့ နှမ်းဖတ်ချဉ်ကလည်း ခွေးချေးလောက်တောင် မကောင်းဘူးဆိုပြီး ပြောသတဲ့... အဲ့ဒီတော့ ဆိုင်ရှင်က ဘာပြန်ပြောမှတ်လဲ... အင်း လူတိုင်းဟာ ကိုယ်ကြိုက်တာကိုတော့ ကောင်းကြတာချည်းပါပဲလေလို့ ပြောလိုက်သတဲ့... မ၀ယ်ချင် အသာမနေဘဲ လျှာသွားရှည်တော့ ခံရတာ နဲတောင်နဲသေးနော်:):):)

Baby taster said...

အို ...
အယ် ...
အီ.......... တွေဖြစ်ကုန်ရော
ဟင်းတွေကြည့်ပြီး အကုန်ကြိုက်တယ်
ကိုယ်တို့ဖက်မှာတော့ အာပြဲခြောက်တဲ့( ပါစပ်ကြီးလို့နေမှာ)
ကြက်ဟင်းခါးသီးထောင်းလည်း ကြိုက်တယ်
နှမ်းဖတ်ချဉ်က စားချင်လိုက်တာ ကိုယ်တိုင်လုပ်ထားတာလားဟင်
ဟိုတခါတောင် လုပ်နည်းမေးကြည့်သေးတယ်။
မြန်မာပြည်မှာ ရယ်ဒီမိတ်တွေ ရောင်းလားမသိဘူးနော်။ မှာစားရမယ်

ma yu said...

ကျေးလက်သားလေး။ဟိုတခုချက်အုန်း။ဖရုံသီးနု။ချဉ်ဟင်းရေသောက်ထဲလဲထည့်
ချက်တယ်။ပြီးတော့ဖရုံသီးနုကိုငရုတ်သီးစိမ်းနဲ့ လဲစပ်ချက်ချက်တယ်လေ။အဲဒါ
ချက်အုန်း။ :)ဒီမှာစားတော်ပဲပြုတ်တာတချို့ ဟာတွေသိပ်မနပ်ဘူး။ပန်းကန်ကွဲ
လဲမရှိဘူး။စိတ်တိုတိုနဲ့ ပန်းကန်၁ချပ်လောက်ပစ်ခွဲလိုက်ယင်ကောင်းမလား။:)

Iora said...

ဘူးရွက်ဟင်းချို၊ ကြက်ဟင်းခါးသီးတောင်း ဒို့ လည်းလွမ်းပါရစေ။
ပြောမယ်ဆိုရင် ကြက်ဟင်းခါးသီးထောင်းကလုပ်စားနိုင်ပါတယ်။ သိပ်မလုပ်ဖြစ်တာ။

...အလင်းစက်များ said...

ဖတ်ရင်းနဲ့  ဗိုက်ထဲကတောင် ဂွီဂွီမြည်လာတယ်... ဟဟ။ အကုန်လုံးကြိုက်တယ်။ အသားဟင်းတွေထက် နှမ်းဖတ်ချဉ် (မြေပဲဖတ်ချဉ်ပေါ့ ကိုရာဇာပြောမှသိတာ)၊ ပဲ ကတ္တီပါပြုတ်သုပ်၊ ငါးဖောင်ရိုးခြောက်မီးကင် ဆီဆမ်း၊ ဗူးရွက်ဟင်းချိုကတော့ ပူတုန်းပဲ ကောင်းတယ်၊ အဲ ကြက်ဟင်းခါးသီး ထောင်းတော့ လုံးဝ မစားဖူးတာ အမှန်ပဲဗျာ။။

Thanks

ခနွဲ said...

ကြက်ဟင်းခါးသီထောင်းမှ လွဲလို့ ကျန်တာ အားလုံးကို ကျွန်တော် ခနွဲ အကုန်စားလိုက်ပါကြောင်းနှင့် နောက်ထပ်လူများအတွက် မကျန်တော့ပါကြောင်း။ ဟီးးးးးးးးးးးးးးးး

yar zar said...

အစ်မဘေဘီရေ... ချက်ချင်း စာမပြန်နိုင်တာ ဆောရီးပါနော်...။
ကျွန်တော်တို့ဘက်မှာလည်း အာပြဲခြောက်လို့ခေါ်ပါတယ်ဗျ...။ နှမ်း
ဖတ်ချဉ်ကို အမေတို့လုပ်တာ ငယ်ငယ်တုန်းကတော့ မြင်ဖူးတယ်...
ကိုယ်တိုင်တော့ မလုပ်ဖူးဘူး... နှမ်းဖတ်ခဲကို အင်တုံလေးထဲထည့်
ပြီး ရေလေးထည့်ပေးထားတာလေ.. နူးအိသွားမှ လိုအပ်တာလေး
ထည့်ပြီး သုပ်စားတာလေ အစ်မ...။ မကောင်းရင်တော့ မပြောနဲ့နော်..
အစ်မစားချင်တာလေး အမြန်ဆုံး စားနိုင်ပါစေဗျာ...:)

yar zar said...

ရွှေညာသားလေးရေ... အဲဒီလူကြီးကလည်း နှမ်းဖတ်ချဉ်နဲ့ ခွေးချေးနဲ့
နှိုင်းရတယ်လို့... ဒီက နှမ်းဖတ်ချဉ် အရမ်းကြိုက်တာ..

အစ်မယုရေ.. ရွှေဖရုံသီးနုကို ချက်မစားဖူးဘူး... မြန်မာပြည်ပြန်ရော
က်မှပဲ အစ်မပြောသလိုလေး ချက်စားကြည့်အုံးမယ်...။ နည်းလေး မှ
တ်ထားမယ်နော်..

အစ်မ အိုင်အိုရာ ထောင်းစားလို့ ရရင် ထောင်းစားစမ်းပါဗျာ... ကျွန်
တော်ဆို စားချင်လွန်းလို့... ဟီး..

yar zar said...

ကိုအလင်းစက်နာမည်က ကိုထွဋ်တဲ့လား... ကြက်ဟင်းခါးသီးလေးကို
ထောင်းစားကြည့်စမ်းပါဗျာ... အရမ်းကောင်းလို့ပြောတာ..

နယ်သားလေး ခနွဲရေ.. ဖေ့ဘွတ်မှာ မင်းရာဇာဆိုတာက ကျွန်တော်ပါ
... ကြက်ဟင်းခါးသီးကို မကြိုက်ဖူးဘူးနော်... ဆန့်ကျင်ဘက်ဖြစ်သွားပြီ..

ma yu said...

ွှအမယ်ခနွဲနော်။နောက်ဆုံးမှလာပြီးတော့။သူဖြင့်ပန်းကန်တွေပဲထိုင်ဆေးသွားရ
တာများ။မသိတာလိုက်လို့ ။

Post a Comment