Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, May 15, 2011

ဧရာဝတီမြစ်ပြင်နှင့်လှေကလေး (ဖြစ်ရပ်မှန်)

ဧရာဝတီကမ်းခြေ
ဧရာဝတီ မြစ်ရေပြင်က  လှိုင်းကြက်ခွပ်တို့ဖြင့် လှပလို့နေလေသည်။ ဖန်ဝါနေမင်းရဲ့ ရောင်ခြ
ည်စနှင့် ရေပြင်ရဲ့ မျက်နှာပြင်တို့ ထိတွေ့လိုက်တဲ့အခါမှာတော့ ငွေရောင် တစ်ဖိတ်ဖိတ် တော
က်ပလို့ နေပေသည်။ မြစ်ပြင်ပေါ်က တိုက်ခတ်လာတဲ့ လေအေးအေးလေးကလည်း ထိတွေ့ခံ
စားရသူတိုင်းရဲ့ ရင်ကို အေးမြစေပါသည်။

မြင်ပြင် တစ်ဆုံး စုန်ချည်ဆန်ချည် ကူးသန်းနေတဲ့ လှေလေးကအစ၊ ရွှေကိန္နရီသဘောင်္တွေ၊ေ
ရနံတင် သဘောင်္တွေ၊ မော်တော်တွေ ကို ကြည့်လိုက်ပြန်လျှင် အားရကျေနပ်စရာ...။ ရေစီးနဲ့
မျောနေတဲ့ ဗေဒါပန်းအုံလေးတွေကလည်း လေတိုက်တိုင်း ယိမ်းနွဲ့ရင်း လေရဲ့ ခေါ်ဆောင်ရာကို
လိုက်ပါသွားရပြန်လေသည်။ မျောပါသွားတဲ့ ဗေဒါပန်းလေးတွေကို ဘဲအုပ်က တွေ့ပြန်ပါက ထို
းဆိတ်ဆွခြင်းကို ခံရပြန်သည်။
တောပြန်များ
ကိုတံငါတို့လည်း သူတို့ရဲ့ ၀မ်းစာရေးအတွက် ငါးတွေကို မရ ရအောင် ကြိုးပမ်းနေပြန်သည်။
သူတို့အတွက် ငရဲမှန်းသိပေမယ့်လည်း ၀မ်းရေးအတွက်မို့ ဖြေဖျောက်ရင်း ရုန်းကန်နေရဟန်.။
မြစ်ပြင်မှာလည်း ကိုတံငါတို့ ပိုက်တန်းထားတဲ့ ဗူးသီးလုံးလေးတွေက ပေါလော ပေါ်နေပြန်သ
ည်။ မြစ်ဆိပ်ကမ်းရွာလေးတွေက ရွာတန်းရှည်လေးတွေ များလေသည်။ ကမ်းရိုးအတိုင်း တည်
ဆောက်ထားပုံပင်...။ လုံမပျိုမေတစ်စုတို့လည်း ရေချိုးဆိပ်ကို ရေခပ်ဆင်းနေဟန်၊ ရေချိုးနေ
ဟန်တို့က ချစ်စရာ ဟန်ပန်လေးတွေ...။ ကမ်းရိုးတန်းတစ်လျှောက် ပေါက်ရောက်နေတဲ့ စိမ်းစို
အုံ့မှိုင်းနေတဲ့ သစ်ပင်ကြီးတွေကလည်း ကြီးမားလှပါဘိခြင်း။

မြစ်ပြင်ပေါ်မှာတော့ ဇင်ယော်ငှက်လေးတွေ ပျံဝဲနေဟန်၊ ရေဘဲတွေ ပြန်သန်းနေဟန်၊ ဗျိုင်းအု
ပ်ကြီး လည်တံရှည်ကြီးတွေနှင့် ကမ်းစပ်မှာ ငါးရှာနေဟန်တို့ကလည်း ဧရာဝတီမြစ်ပြင်ရဲ့ အလှ
ပေါ် အလှဆင့်နေဟန်နဲ့ ငှက်မျိုးစုံ ပျံဝဲနေဟန်တို့က မြင်ရသူရင်ထဲ လှိုက်ဖို ခုန်ချင်စရာ..။
ဇင်ယော်ငှက်
ညနေစောင်းမှာတော့ တောပြန် လုံမငယ်၊ လူကြီး၊ လူငယ် ကမ်းရိုးတစ်လျှောက် လမ်းလျှောက်
လာပုံက နေလုံးကြီး ၀င်သွားဖို့ အချက်ပေးနေဟန်...။ လူသူ အရောက်အပေါက် နည်းပါးတဲ့နေ
ရာ များမှာတော့ ငါးလေးတွေ ပျော်ရွှင်မြူးတူး ခုန်ပေါက်နေဟန်ကား သနားစရာ၊ ၀မ်းသာစရာ
..။ငါးနဲ့ အပြိုင် ရေကူးနေတဲ့ ရေမြွေကိုတော့ မြင်ပြင်းကတ်လှသည်။ သူ့ရဲ့ သဘာဝ ဆိုပေမယ့်
အလှတရားတို့ကို မှေးမှိန်စေသယောင် ထင်ဟတ်စေသည်။
ငါးဖမ်းသူတို့ဘဝ
ညနေ နေ၀င်ပြန်တော့ ငှက်ကလေးတွေလည်း အိပ်တန်းတက်ကြပြီ...။ သစ်ပင်လေးတွေလည်
းအိပ်ကြပြီ.. လူသူ လေးပါးတို့လည်း အိပ်ကြပြီ...။ အဲဒီ အချိန်မှာတော့ မြစ်ရေပြင်က စီးဆင်းမြဲ
ပင်...။ တစ်ခါတစ်လေတော့လည်း လေမုန်တိုင်းရဲ့ ဒဏ်ကို မြစ်ပြင်ပေါ်ရှိ လူသားတို့ အလူးအလိ
မ့်ခံကြရရှာသည်။ အကောင်း အဆိုး ဒွန်တွဲနေပေမဲ့လည်း မုန်တိုင်းရဲ့ ဒဏ်ကို ခံရပြန်တော့ မြစ်
ပြင်ရဲ့ အလှအပတို့ ပျောက်ဆုံးစေပြန်သည်။

ဧရာဝတီနှင့် ပတ်သတ်၍ ပျော်ရွှင်ဖွယ်ရာဖြစ်ရပ်များ၊ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်များ ထု နဲ့ ဒေး ဆို
တာ ပြောပြ၍ မကုန်နိုင်...။ အဲဒီ အထဲတင်မှ ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်ဖွယ်ရာ၊ ၀မ်း
နည်းဖွယ်ရာ ဇာတ်လမ်းတို့နှင့် ကိုယ်တိုင် ကြုံဖူး ၊ ခံစားဖူးလေသည်...

အဲဒီ ဇာတ်လမ်းများကတော့..........

ဆက်ပါဦးမည်...

ရာဇာ(ကျေးလက်သားလေး)

ကြက်သားစပ်ရှုး၊ပဲချက်၊ငံပြာရည်ချက်၊သခွါးသီးတို့စရာ၊ပုဇွန်နဲ့ ခရမ်းချဉ်သီးဆီပြန်ချက်

အရမ်းပျင်းနေလို့ စာလည်းမရေးချင်၊ ဘာမှ မလုပ်ချင်ဘူး ဖြစ်နေတာ... အဲဒါကြောင့်ပို့စ်တွေ
မတင်ဖြစ်ဘူးလေ...။ ဒီနေတော့ ပျင်းပျင်းရှိတာနဲ့ ဟင်းတွေ ချက်လိုက်တယ်...။

 ကြက်သားစပ်ရှူး
ကြက်သားစပ်ရှူးလုပ်တော့မယ်ဆိုရင် ပထမဆုံး ကြက်သားကို ပြုတ်လိုက်ပါ...။ နူးတဲ့အထိေ
ပါ့...။ ကြက်သားနူးသွားပြီဆိုရင် ကြက်သားကိုဆယ်ပြီး မွှာလိုက်ပါ...။ ကြက်သွန်ကို နွမ်းသွား
တဲ့အထိ ဆီသတ် ပြီးရင် မွှာထားတဲ့ ကြက်သားကို ရောမွှေ ရဲသွားပြီဆိုရင် ငရုတ်သီးထည့် ၊လို
အပ်တဲ့ ဆား၊ အချိုမှုန့်ပေါ့... အဲဒါတွေ နှံ့သွားရင် ကျက်ပြီဗျာ...။ ကြက်သားစပ်ရှူး တစ်ခွက်ရ
ပြီပေါ့...။ အရမ်းကောင်းတာနော်..။
ကြက်သားစပ်ရှူး
ပဲချက်
ပဲချက်ဆိုတာကတော့... ပဲကို ပြုတ်လိုက်ပါတယ်..ပဲအိသွားပြီဆိုရင် ပဲလေးတွေကို ဆယ်၊ အ
ရည်ကို ဟင်းချိုလုပ်၊ ပဲကိုတော့ ကြက်သွန်ဖြူ ဆီသတ်ပြီး ကြော်လိုက်ပါတယ်...။ ဒီနေ့ပဲက နဲ
နဲ ပျော့သွားတယ်..။ ချိုချိုလေး ကောင်းတယ်...။
ပဲချက်လေး
ငံပြာရည်ချက်နှင့် သခွါးသီး
ငံပြာရည်ကိုတော့ အထူးအထွေ မရေးတော့ပါဘူး.. ပုံမှန်လေးပါပဲ...။ ငံပြာရည်နဲ့ တို့ဖို့က သခွါ
းသီး အစိမ်းသေးလေးတွေပါ...။ အဲဒီ အသီးလေးတွေက အသီး ရှည်တွေထက်ပိုပြီး ဈေးကြီးပါတယ်..။ သခွါးသီးကို လှီးမနေတော့ဘူး.. ဒီတိုင်းပဲ ကိုက်စားလိုက်တယ်...။
ငံပြာရည်ချက်လေး

ပုဇွန်နဲ့ ခရမ်းချဉ်သီး ဆီပြန်ချက်
ပုဇွန်ကို ရေစိမ်ထားပြီး အခွံတွေ ၊ အမွှေးတွေကို ခွါပစ်လိုက်ပါတယ်...။ ခရမ်းချဉ်သီးရယ်၊ကြ
က်သွန်နီရယ်၊ ကြက်သွန်ဖြူရယ်ကို ကြိတ်ဆုံနဲ့ ကြိတ်ထားလိုက်ပါတယ်...။ ပြီးတော့ ဆီပူလ
ာရင် ကြက်သွန်နီ၊ အဖြူကို ဆီသတ်လိုက်ပါတယ်... အဲဒါ နွမ်းသွားပြီဆိုရင် ခရမ်းချဉ်သီး ကြိ
တ်ပြီးသားကို ထည့်ပြီး မွှေလိုက်ပါတယ်... အားလုံးနူးနပ်ပြီဆိုမှ ပုဇွန်ထည့်ပြီး မွှေလိုက်ပါတ
ယ်...။ မွှေပြီးရင်တော့ ရေလေးထည့်ပြီး အုပ်ထားလိုက်ပါတယ်...။ ရေခမ်းသွားပြီဆိုရင်တော့
ပုဇွန်လေးကကြက်ပြီး ဆီတက်လာပါတယ်...။ ငြုပ်သီးကိုတော့ အတောင့်လိုက် အပေါ်ကထ
ည့်ထားပါတယ်...။ အရမ်းစားကောင်းတယ်...
ပုဇွန်ငါးပိချက်

ပုဇွန်ကတော့ အရင်နေ့က ချက်တာပါ.. ကျန်တာက ဒီနေ့ ချက်စားတာလေးတွေပါ..

အားလုံး ကျေးလက်သားလေးရဲ့ လက်ရာလေးတွေကို မြည်းသွားကြပါအုံးနော်..

ရာဇာ(ကျေးလက်သားလေး)

Friday, May 13, 2011

အရောင်အသွေးစုံတဲ့ဂန္ဓမာနဲ့ နှင်းဆီပန်း


အခုတလော မအားတာနဲ့ ပို့စ်လေးတွေ မတင်ဖြစ်ဘူး..။ မအားတော့ စိတ်တွေကလည်း အလို
လိုရှုပ်ထွေး လို့လေ...။ အဲလို ရှုပ်ထွေးနေတဲ့ စိတ်ကို ပျောက်ပျက်စေတာက ရှုခင်းလှလှလေး
တွေ၊ ပန်းလှလှလေးတွေပါ။ အဲဒီ အရာလေးတွေက မျက်စိပသာဒဖြစ်ပြီး အေးချမ်းမှုကိုပေးတ
ယ်လေ...။ အဲဒါကြောင့် အပေါင်းအသင်း၊ရောင်းရင်းတွေလည်း ကျွန်တော်လို အေးချမ်းမှုလေး
တွေ ရအောင် ဒီပို့စ်ကလေးကို တင်လိုက်ရခြင်းပါပဲ...။

အခုတင်မဲ့ ပန်းလေးတွေက အရောင်အသွေးတွေ စုံလှတဲ့ ဂန္ဓမာပန်းနဲ့ နှင်းဆီပန်းလေးတွေပါ
...။ ကျွန်တော်က ပန်းစိုက်ရတာ၊ သစ်ပင်လေးတွေ စိုက်ရတာကို အရမ်းဝါသနာပါတယ်..။ ကို
ယ်စိုက်လိုက်တဲ့ အပင်လေးတွေက အဖူး၊အပွင့်၊ အသီးလေးတွေ  ၀င်လာပြီဆိုရင် အရမ်းကိုေ
ကျနပ် ပီတိဖြစ်ရပါတယ်..။ အဲဒီ အရသာလေးကို ကျွန်တော်ကြိုက်တယ်...။  ပန်းမျိုးစုံ ဖူးပွင့်ေ
နတဲ့ ဥယျာဉ်လေးထဲ ရောက်သွားရင် အနံ့လေးတွေ သင်းပျံ့နေတဲ့ ပန်းပွင့်လေးတွေရယ်၊ အဲဒီ
ပန်းလေးတွေနားမှာ ၀ဲပျံနေတဲ့ ပိတုန်း၊လိပ်ပြာလေးတွေရယ်က နှစ်သက် ကြည်နူးစရာပါ...။


Tuesday, May 10, 2011

နုနုရည်(အင်းဝ)ရဲ့ စာလေးတစ်စောင်


မနေ့က ဘလော့ဂ်ဂါ မြစ်ကျိုးအင်း ဆိုဒ်လေးကို အလည်ရောက်သွားပါတယ်..။ အဲဒီမှာ သူတင်ထားတဲ့စာလေ
းက ဘလော့ဂ်ရေးသူများသို့ စာလေးတစ်စောင်ဆိုပြီး တင်ထားတာ တွေ့လိုက်ပါတယ်...။ အဲဒီစာလေး ရေးပေ
းတဲ့သူက မြန်မာပြည်က စာရေးဆရာမ နုနုရည်(အင်းဝ)တဲ့...။ ဆရာမရဲ့ စာလေးဖတ်လိုက်ရတာ တော်တော်
ကို ၀မ်းသာပိတီ ဖြစ်ခဲ့ရပါတယ်...။ အဲဒီစာလေးက ဘလော့ဂ် လောကသားတွေကို အင်အားတွေ ရစေတယ်
လို့ ပြောလိုက်ရင် မှားမယ် မထင်ပါဘူး...။ အဲဒီ အတွက်လည်း ဆရာမကို ကျေးဇူး အထူးတင်နေမိပါတယ်.....
ဆရာမ အစဉ်ကျန်းမာ၊ ချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ ကျေးလက်သားလေးက ဆုတောင်းပေး
လိုက်ပါတယ်ဗျ...။ ဆရာမရဲ့ မူရင်းစာလေးက....










အားလုံးကို လေးစားလျှက်

ရာဇာ(ကျေးလက်သားလေး)

Monday, May 9, 2011

မျက်ရည်ခံမှဲ့

(လူသားအားလုံး စံပယ်ပန်းလေးလို လန်းဆန်းမွှေးပျံ့နိုင်ကြပါစေ)

(က)
တိုက်ဆိုင်မှုတွေလား၊ တကယ်ဖြစ်စဉ်တွေလားဆိုတာ ကျုပ် စဉ်းစားနေခဲ့တယ်...။ ဒီတစ်ခါနဲ့
ဆိုရင် သုံးကြိမ်မြောက်ဖြစ်ပျက်ခဲ့ခြင်းဆိုတော့ တိုက်ဆိုင်မှု ဆိုတာထက် တကယ့်ဖြစ်စဉ်လို့ေ
တာင် ယုံကြည်ချင်နေပြီ...။ အရင်တုန်းကတော့ လူတွေ အစွဲကြီးလွန်းတယ်လို့ ကျုပ်ထင်မိခဲ့
တယ်.. အခုပုံတိုင်း ဆိုရင်တော့ လူတွေ ပြောတာ ဟုတ်နိုင်ခြေရှိနေပြန်တယ်...။ ကျုပ်အတွေ
းတို့ဖြင့် ချာချာလည်နေခဲ့လေသည်။

"၀င်းဆောင်" လို့ အမေခေါ်သံကြားမှ ကျုပ် အတွေးစတို့ပြတ်သွားလေသည်။
 ငါ့သား မင်းဘာတွေ စဉ်းစားနေတာလဲ အမေ့ကို ပြောပါအုံး...။
 အမေ ကျုပ် မလှဆန်းတို့အကြောင်း စဉ်းစားနေတာ...
 စဉ်းစားမနေပါနဲ့ ငါ့သားရယ် ကိုယ်နဲ့မဆိုင်ပါဘူး...
အမေက စကားကို ယတိပြတ် ပြောလိုက်ပေမယ့် ကျုပ်ကတော့ အတွေးတို့ဖြင့် ချာချာလည်ေ
နတုန်းပါပဲ..။ အမေ ပြောသလိုပဲ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး ကြိတ်မှိတ် အိပ်မယ်လို့ဆုံးဖြတ်ပြီ
း စောင်ကို ခေါင်းမြီး ခြုံလိုက်ပေမယ့်... အသုဘအိမ်က သီချင်းသံက တိုးလာနေဆဲ...။အိပ်မရ
မဲ့အတူတူ သီချင်းကို နားစွင့်ထောင်လိုက်ပါသည်...။